
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့၌ ဝက်လက်မြို့နယ်၊ သံမန်သာကျေးရွာ၊ ဗိုလ်တဲကျေးရွာ၊ တောကုန်းကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ကံစာရေးကျေးရွာနှင့် ကွင်းမကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါ ကူးစက်မှူ ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_aug2020