
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်၊ ထန်းပင်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်ကျေးရွာ၊ သူဌေးကွင်းကျေးရွာ၊ ညောင်လေးပင်ကျေးရွာ၊ သနပ်ပင်ကျေးရွာ၊ ကုလားဝဲ ကျေးရွာများတွင် Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးနှင့် ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောပြည်သူသို့ အသိပေးပန်ကြားချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ ၊ သဘာဝဘေးအသိပညာ ပေးခြင်းများအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ar
#ygn_aug2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)