Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့ တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) နမ့်ဖက်ကာနှစ်ခြင်းအသင်းတော် အိမ်ထောင်စု (၅၇) စု၊ လူဦးရေ(၂၆၃) ဦး၊ နမ့်ဖက်ကာနယ်မြေ (၄) အိမ်ထောင်စု (၃၉) စု၊ လူဦးရေ(၁၂၂)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၉၆) စု၊ လူဦးရေ(၃၈၅) ဦးအတွက် ထုံး(၁၀) အိတ်နှုန်း၊ လူတစ်ဦးလျှင် ဆပ်ပြာ(၁) တောင့်နှုန်းဖြင့် စုစုပေါင်းထုံး (၂၀) အိတ်၊ လက်ဆေးဆပ်ပြာ(၃၈၅) တောင့်ဖြင့် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_aug2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events