လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကြို့ပင်သာကျေးရွာအုပ်စု၊ စစ်ကုန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၉-၈-၂၀၂၀) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးဝင်းကို၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မိုးညိုမြို့နယ် လူငယ်ရေးရာ အတွင်းရေးမှူး၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_aug2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)