လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကန့်ဘလူမြို့နယ်၊ မြေထူးကျေးရွာအုပ်စု ၊ မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာ၊ ငါးရံ့တိုင်းကျေးရွာလင်းတအန်ကျေးရွာ၊ ဝါးရုံဘုတ်ကျေးရွာ၊ ကမ်းဖြူကျေးရွာအုပ်စု၊ ကမ်းဖြူရွာသစ်ကျေးရွာ၊ ကင်းရွာကျေးရွာ၊ စိန်နားကျေးရွာနှင့် တောက္ကရှပ်ကျေးရွာအုပ်စု၊ ဆိပ်ဖူးမြောင်ကျေးရွာများသို့ မိဘပြည်သူများ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန်များကို ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်၊၊
#ar
#sgg_aug2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)