
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာ၊ ထိန်ကန်ကျေးရွာ၊ မျက်နှာပန်းကျေးရွာ၊ မင်းကျီကျေးရွာ၊ ဒွန်တဲကုန်း(တောင်)ရွာနှင့် ဒွန်တဲကုန်း(မြောက်)ရွာတို့တွင် Covid-19 ကူးစက်ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#sgg_aug2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)