Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၃:၃၀) နာရီအချိန်ထိ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအုပ်စု၊ ချပ်သင်းကျေးရွာနှင့် ပင့်သာကြီးကျေးရွာအုပ်စု၊ ပင့်သာကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာ၊ အုတ်ခင်းကျေးရွာများသို့ မိဘပြည်သူများ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး အတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်၊၊

#ar
#sgg_aug2020
Source: ကန့်ဘလူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events