လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျသည့် ကျေးရွာ (၆) ရွာတွင် ယာယီကမ်းထိန်းနံရံပြုလုပ်ရန်အတွက် ပီနံအိတ်ခွံ (၆၀၀၀) ခန့်အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်ပြန်ဆက်ဦးစီးမှူးတို့နှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#sgg_aug2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)