Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ (၀၇:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကန့်ဘလူမြို့ပေါ်ရှိ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက် များသို့ မိဘပြည်သူများ COVID-19 ‌ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိပြီးလိုက်နာ ဆောင်ရွက်ရန်များကို ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊

#ar
#sgg_aug2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events