လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၄:၃၀) အချိန်အထိ ဇေယျာသီရိ မြို့နယ်၊ ကျောက်ချပ်ကျေးရွာအုပ်စု၊ ကျောက်ချပ်ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ထိန်ပင်ကျေးရွာ၊ အိုင်စောက်ကျေးရွာ၊ ရှမ်းရွာ၊ သာယာအေးကျေးရွာနှင့်ကျည်တောင်ကျေးရွာအုပ်စု၊ မွန့်တည့်ခွင်ကျေးရွာ (တောင်+မြောက်) တို့တွင် ပြည်သူများအား COVID-19ရောဂါ ကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ အများပြည်သူများသို့ လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်၍ ထိရောက်စွာအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#npw_aug2020