ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားရသော အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၄၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၉၆,၆၀ဝိ/-) ကျပ်ကို (၂၇-၈-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#mdy_aug2020

Sign Up

Upcoming Events