လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ လက်ခံကျေးရွာအုပ်စု၊ ငါးဖယ်အင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာတို့အား (၂၇-၈-၂၀၂၀) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_aug2020

Sign Up

Upcoming Events