
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့ ပေါ်ရှိ ရန်ကြီးအောင်ရပ်ကွက်၊ ရန်နိုင်အေးရပ်ကွက်၊ လက်ဆည်ရပ်ကွက်၊ နဂါးပေါ်ရပ်ကွက်၊ အောင်သိဒ္ဓိရပ်ကွက်၊ ချမ်းအေးသာယာရပ်ကွက်တို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာ ဆောင်ရွက်ရန်အချက်များကို ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_aug2020