လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် COVID 19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း Facllity Quarantine Center အဖြစ် အသုံးပြုနိုင်သည့် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့ရှိ Shelter များတွင် တပ်ဆင်ရန် စုစုပေါင်းဘေစင် (၆) ခု၊ ရေသိုလှောင်ကန်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ရန် shelter(၁) လုံး လှျင်တန်ဖိုးငွေ (၁,၅၀၀,၀၀၀/-) ကျပ်နှုန်း ဖြင့်(၂) လုံးအတွက် စုစုပေါင်းငွေ (၃,၀၀၀,၀၀၀) ကျပ်တိတိအား(၂၅-၈-၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ခရိုင်ပညာ ရေးမှူးထံ သို့လွှဲပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_aug2020
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)