Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၊ (ဝ၇:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ Covid-19 ရောဂါကြိုတင် ကာကွယ် ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးနိုးဆော်ခြင်းများကို Hand Speaker အသုံးပြု၍ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာတွင် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_aug2020

Sign Up

Upcoming Events