ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ငါးခုန်ကျေးရွာအုပ်စု၊ ရှာတောကျေးရွာ (၂၄-၈-၂၀၂၀) ရက်နေ့ ချင်းတွင်း မြစ်ရေမြင့်တက်မှုကြောင့် ထပ်မံပြောင်းရွှေ့အိမ်ထောင်စု (၂၃) စု လူဦးရေ (၁၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၄၃,၆၀၀/-)ကျပ်၊ ဆပ်ပြာ (၂၃) တောင့်၊ mask (၁၁၆) ခု အား (၂၆-၈-၂၀၂၀) ရက် နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#sgg_aug2020
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events