ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း (၂၁-၈-၂၀၂၀) ရက်နေ့မှ (၂၃-၈-၂၀၂၀) ရက်နေ့အထိ ရေဝင်၍ ပြောင်းရွှေ့ရသည့် ရပ်ကွက်(၁)ခုနှင့် ကျေးရွာ(၁၂)ရွာမှ အိမ်ခြေ(၃၇)လုံး၊ အိမ်ထောင်စု (၃၇)စု၊ လူဦးရေ(၁၄၈)ဦးတို့အတွက် ဆပ်ပြာ(၃၇)တောင့်၊ mask(၁၄၈)ခုနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၁၀,၈၀၀/-) ကျပ်အား(၂၆-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကလေးဝ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#sgg_aug2020

Sign Up

Upcoming Events