
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှားပင်ကျေးရွာအုပ်စု၊ ရှားပင်ကျေးရွာ၊ သဖန်းပင်ကျေးရွာနှင့် နှုံးပို့ကျေးရွာတို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရှားပင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင်ဖွင့်လှစ်ထားသော ယာယီရေဘေး ခိုလှုံရေးစခန်းတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၃) စု၊ လူဦးရေ (၄၄၅) ဦးတို့အတွက် First Aid kit (၂၄) ထုပ်တို့ကို (၂၅-၈-၂ဝ၂ဝ) ရက်နေ့တွင် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
#ha_fld
#mgy_aug2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)