လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ရွှေတောင်စုကျေးရွာတွင် (၂၂-၈-၂၀၂၀)ရက်နေ့ ၌ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၂၀၀,၀၀ဝ/-)ကျပ်၊လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ ငွေ(၈၈,၂၀ဝ/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၁,၂၈၈,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၂)အိမ်ထောင်စာတို့အား (၂၅-၈-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၂:၄၅)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#bgo_aug2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)