
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြင်းဖြူသားကျေးရွာနှင့် ဆီဒက်ကျေးရွာတို့တွင် လော်စပီကာ၊ Memory stick နှင့် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီ ကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့်မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက် သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်နှင့်ဗီနိုင်းပိုစတာများဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_aug2020