လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ နံဂါတ်ရိုး ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၃၆၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၃၃၆၀၀/-) ကျပ်အား (၂၅.၈.၂၀၂၀)ရက်နေ့ (၁၃:၄၅) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_aug2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)