လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှစ၍ ကြမ်းတမ်းကွင်းကျေးရွာအုပ်စု၊ ကြမ်းတမ်းကွင်းကျေးရွာ၊ ရေတွင်း လှကျေးရွာ၊ သခွပ်ကွင်းကျေးရွာ၊ လူပျိုတော်ကွင်းကျေးရွာ၊ ထိုးဘိုကျေးရွာ၊ ကျောင်းကုန်းကျေး ရွာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေကြီးCovid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့်တားမြစ်မိန့်နှင့် ညွှန်ကြား ချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာ စောင်များ ဝေငှဖြန့်ဝေခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)