လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး (၂၃-၈-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ယောဝရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့တွင်လည်းကောင်း (၁၆:၀၀)နာရီအချိန်မှ (၁၈:၀၀)နာရီအချိန်ထိ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်ကျေးရွာနှင့် ကမ္ဘားကြီးကျေးရွာတို့တွင်လည်းကောင်း Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Maskများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_aug2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)