မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက် လျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများသို့ ရေဝင် ရောက်မှုများဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၂၄၂)စု၊ လူဦးရေ(၁၀၁၂)ဦး ယာယီရေဘေးရှောင်နေရာများ သို့ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၈၁)ဦး နီးစပ်ရာဆွေမျိုး နေအိမ်များသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရပါသည်။
(၂၃-၈-၂၀၂၀)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူလိုက်ပါ၍ ရေဝင်ပြောင်းရွှေ့ ခဲ့ရသည့် ရပ်ကွက်များရှိ ယာယီရေဘေးရှောင်နေရာများသို့သွားရောက်ကာ ရေဘေးသင့်ပြည်သူများ နှင့် တွေ့ဆုံအားပေးကူညီမှုများ ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စု(၁၃၈)စုမှ လူဦးရေ(၆၀၂)ဦးတို့ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာ(၁) ပတ်စာ (၁,၂၆၄,၂၀ဝိ/-) (ကျပ်တစ်ဆယ့်နှစ်သိန်းခြောက်သောင်း လေးထောင့် နှစ်ရာတိတိ)နှင့် COVID-19 ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် Surgical Mask နှင့် Hand Sanitizer တို့အား ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်ဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#ha_fld
#mon_krn_aug2020

Source: ကဆရ (အောက်)

Sign Up

Upcoming Events