UEHRD ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း COVID 19 ကူးစက်ပျံ့နှံမှုဖြစ်စဉ် အတွက် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း

 

ဩဂုတ်လ ၂၃ ရက်၊ နေပြည်တော်


          ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် အတွင်း COVID 19 ကူးစက်ပျံ့နှံမှုဖြစ်စဉ်အတွက် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ UEHRD ကော်မတီ ဒုတိယဥက္ကဌ () လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဉီးတိုးအောင်နှင့် ဉီးညီငြိမ်းအေး၊ UEHRD Healthcare Task Force အဖွဲ့ဝင်များ၊ UEHRD ရုံးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက UEHRD ပြည်ထောင်စု စီမံကိန်းသည် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးအန္တရာယ်ခံစားရသူများအတွက် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ UEHRD လုပ်ငန်းစဉ်များတွင်ပါဝင်သော လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ရေရှည်လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု COVID 19 ကမ္ဘာ့ကပ်ရောဂါသည် ရခိုင်ပြည်နယ်အတွင်း စတင်ပြန့်ပွားမှုဖြစ်ပွားနေစဉ်တွင် COVID 19 ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်အရလိုအပ်ချက် များရှိလာပါကြောင်း၊ UEHRD Healthcare Task Force အနေဖြင့် အစိုးရ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များအရ UEHRD Healthcare Task Force က ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သော ဆေးရုံကုတင်များ၊ အင်အားတိုးချဲ့ဆောင်ရွက် ရမည့်ကျန်းမာရေးဝန်ထမ်းများအတွက်လိုအပ် သော ပံ့ပိုးကူညီမှုများ၊ အဖက်ဖက်က ပါဝင်ပူးပေါင်းကူညီကြမည့် စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းပြီး ထိရောက်စွာ ပူးပေါင်းကူညီကြရန်ဖြစ်ကြောင်း၊ ထို့အပြင် UEHRD၏ အခြားသော Task Forces များနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးပေးကြရန်ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက UEHRD အနေဖြင့် လက်ရှိ ရခိုင်ပြည်နယ် ၏ ပကတိအခြေအနေများကို သိရှိပြီးဆောင်ရွက်နိုင်ရန် သတင်းရယူညှိနှိုင်းပေးမည့် တာဝန်ခံသတ်မှတ်ခြင်း၊ အမြန်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းအစီအစဉ်များ သတ်မှတ်ခြင်း၊ ဘဏ္ဍာ ငွေကြေးဆိုင်ရာကိစ္စများကို UEHRD Healthcare Task Force က သီးခြားဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ဆွေးနွေးဆုံးဖြတ်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် အမြန်ဆုံးကူညီပံ့ပိုးမည့်အစီအစဉ်များ ဆွေးနွေးခြင်း၊ ရခိုင်ပြည်နယ် လူငယ့်ရေးရာကော်မတီဝင်များနှင့် ဆွေးနွေးရန်ကိစ္စညှိနှိုင်းခြင်း၊ အသင့်ရှိပြီးဖြစ်သော သင်တန်းဆင်း စေတနာ့ဝန်ထမ်းများအား ပြန်လည်စုစည်းခြင်းနှင့် အင်အားတိုးချဲ့ပြီး သင်တန်း များထပ်မံပို့ချရန် စီစဉ်ခြင်းကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။

ယနေ့ဆွေးနွေးဆုံးဖြတ်ချက်များကို UEHRD Healthcare Task Force က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရ ဌာနဆိုင်ရာများနှင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

#hl1_otr

#npw_aug2020

 Source:  MOSWRR

Sign Up

Upcoming Events