ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတော(တ)(မ)ကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ပေါက်ပင်ကျေးရွာ၊ လယ်တော်ကျေးရွာ၊ ဘုဘကျေးရွာ၊ ညောင်ဖြူပင် ကျေးရွာ၊ သစ်ဆိမ့်ကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ကြောင်ဝပ် ကြီးကျေးရွာ၊ ကြောင်ဝပ်ကလေးကျေးရွာ၊ ပုဏ္ဏားမှော်ကျေးရွာ၊ မြင်သာကျေးရွာနှင့် အမြင့်ကျေးရွာများတွင် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_aug2020

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events