
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက် နေ့တွင် မြိတ်သံသရာအေးအထောက်အကူပြု လူမှုကူညီရေးအသင်း၊ ချစ်ကြည်ရေး ကျန်းမာရေးအထောက်အကူပြုအသင်း၊ ရှင်သန်ခြင်းပရဟိတအသင်း၊ ဝံဋသကနာရေးနှင့် ကျန်းမာရေးအထောက်အကူပြုအသင်း၊ ဓမ္မဇောတကျန်းမာရေး အထောက်အကူပြုအသင်း၊ မေတ္တာရှင်ကျန်းမာရေးအထောက်အကူပြုအသင်း၊ သဒ္ဒါသွေးနှင့်ကျန်းမာရေး အထောက် အကူပြုပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ အောင်မင်္ဂလာ၊ ထားဝယ်ကမ်း၊ မြို့သစ်၊ အိုးလုပ် ပြင်၊ မြိတ်တောင်၊ ရွှေပေး၊ ဆန္ဒဝတ်၊ ရွှေပြည်တန်၊ ဇေယျာသီရိရပ်၊ ထားဝယ်စု၊ မြစ်ငယ်ရပ်၊ ကန်ကြီးရပ်၊ ရေနံမြေ၊ တပ်ပြင်ဈေး၊ ဆိပ်ငယ်ဈေးကြီး၊ မြို့သစ်ဈေးတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်းလုပ်ငန်း များအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_aug2020