COVID-19ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် လားရှိုးမြို့၊ လားရှိုးကြီးမီးပွိုင့်လမ်းဆုံမှ စတင်၍ လားရှိုးမြို့မစျေးကြီးရှေ့တို့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီနှင့် မြို့နယ်အဆင့်ကော်မတီ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့ ပူပေါင်း၍ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့ များပါဝင်ကာ ပြည်သူများထံသို့ နှာခေါင်းစည်းများ (၄,၀၀၀) ခုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး COVID-19 ရောဂါကာကွယ်ခြင်းများနှင့်ပတ်သက်သည့် ပြည်သူများလိုက်နာရမည့်စည်းကမ်းချက်များကို ကြေငြာပန်ကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_aug2020

Sign Up

Upcoming Events