COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့တွင် မြိတ်သံသရာအေးအထောက်အကူပြုလူမှုကူညီရေးအသင်း ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ ငါးလေလံဈေး၊ အောင်မင်္ဂလာဈေး၊ ဆိပ်ငယ်ဘောတံတား၊ ကမ်းနားလမ်း၊ တိုးချဲ့ဈေး၊ လေယာဉ်ကွင်းလမ်းဆုံတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_aug2020

Sign Up

Upcoming Events