
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ အရှေ့မော်တုန်းကျေးရွာ၊ အနောက် မော်တုန်းကျေးရွာများတွင် Covid-19 အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ရေဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောများဖြန့်ဝေခြင်းနှင့် ရေဘေးဗွီနိုင်း ပိုစတာများ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_aug2020