Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီးကျေးရွာအုပ်စုရှိ ရွာသာကြီးကျေးရွာ၊ အိုင်ကလေးကျေးရွာ၊ လက်ပံပင်ကျေးရွာ၊ ဇီးဖြူစုကျေးရွာ၊ သရက်ချောင်းကျေးရွာနှင့် တော်တရလေး ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက် များကို လှည်လည်ဟောပြောခြင်း၊ ဗွီနိုင်းပိုစတာနှင့် ဘေး (၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_aug2020

Sign Up

Upcoming Events