လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနှစ်ခြင်း IDP စခန်း၊ အိမ်ထောင်စု(၂၄၃)စု၊ လူဦးရေ (၁၁၆၅) ဦးတို့အတွက် Paris ဆပ်ပြာ(၁၁၆၅)ခုနှင့် ထုံးအိတ်(၁၀)အိတ်တို့ကိုလည်းကောင်း၊ မံဝိန်းကြီးကက်သလစ် IDP စခန်း၊ အိမ်ထောင်စု(၅၉၁)စု၊ လူဦးရေ(၃၁၉၇)ဦးအတွက် Paris ဆပ်ပြာ(၃၁၉၇)ခု၊နှင့်ထုံးအိတ်(၁၀)အိတ်တို့ကို(၂၀-၈-၂၀၂၀)ရက်နေ့ ၊ (၁၀:၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် IDP စခန်းတာဝန်ခံများထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_aug2020
Source: ဗန်းမော်ခရိုင်ဦးစီးမှုးရုံး (ဘစမ)