
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဟုမ္မလင်းမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဖောင်းပြင်မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် မော်လိုက်မြို့တွင် (၁)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် မော်လိုက်မြို့နယ်များအ တွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
Source:DMH