လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသော ကျောင်းသား/ ကျောင်းသူ (၄၇)ဦး ပညာသင်ကြား ရန်အတွက် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ အထက်တန်း ကျောင်းများသို့လာရောက် ပညာသင်ကြားနေ ကြောင်းသည့် ကျောင်းသူ/သား(၄၇)ဦးအတွက် စားနပ်ရိက္ခာ(ဆန်၊ဆီ၊ဆား၊ပဲ) ဝယ်ယူရန်လူတစ်ဦးလျှင် တစ်လ(၁၆၀၀၀/-)နှုန်းဖြင့် (၆)လစာ (၄၅၁၂၀၀၀/-)ကျပ်အား(၁၉-၈-၂၀၂၀)ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် တောင်ကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ ထံသို့ သွားရောက်ထေက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#rke_aug2020