Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုက​လေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၉-၈-၂၀၂၀)ရက် နေ့တွင်  ဘိုကလေးမြို့နယ်၊ သစ်ဖြူချောင်းကျေးရွာအုပ်စု၊ ကုလားတန်းကျေးရွာတွင် (၀၉:၀၀)နာရီအချိန်၌လည်းကောင်း၊ ကျားချောင်းကျေးရွာတွင်(၀၉:၃၀)နာရီအချိန် ၌လည်း ကောင်း၊ မိချောင်းသိုက်ကျေးရွာတွင်(၁၀:၀၀)နာရီအချိန်၌လည်းကောင်း၊ ဓနုံးချောင်းကျေးရွာ တွင် (၁၁:၀၀)နာရီအချိန်၌လည်းကောင်း၊ ရန်ကင်းစုကျေးရွာတွင် (၁၁:၃၀)နာရီအချိန်၌ လည်း ကောင်း၊ တောင်သလဲကျေးရွာတွင် (၁၂:၀၀)နာရီအချိန်၌လည်းကောင်း၊ ဆင်ချောင်းကျေးရွာ တွင် (၁၂:၃၀)နာရီအချိန်၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

#ar

#ayy_aug2020

Source: ဘိုက​လေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events