လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ (ကြာအင်း၊ ညောင်ပင်သာ၊ ရွှေဘို)အုပ်စု၊ ကျေးရွာခွဲ(၃)ရွာတို့တွင် (၁၃-၈ -၂၀၂၀) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ/အိမ်ထောင်စု(၈)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၀၀၀၀၀/-)၊ လူဦးရေ(၄၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၉၀၃၀၀/-)၊ စုစုပေါင်း ရန်ပုံငွေ (၈၉၀၃၀၀ိ/-) ကိုလည်းကောင်း၊ (၁၅-၈-၂၀၂၀) ရက်နေ့ဖြစ်ပွားခဲ့သော ဇလွန်မြို့နယ် (တောင်ပို့ တစ်ရာ၊ ဖားလက ်ခို၊ လိန်ကုန်း၊ အရှေေ့လေး တူး၊ မဟာသာ၊ အိုးဘို)အုပ်စု၊ ကျေးရွာခွဲ(၆)ရွာလေဘေးတွင် ပြိုကျအိမ်ခြေ(ဝါး)(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၀၀၀၀/-)၊ လူဦးရေ(၇၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၅၉၆၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၄၂၉၆၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၀)အိမ်ထောင်စာတို့ကို (၁၇-၈-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီတွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အသီးသီးထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe_sgw
#ayy_aug2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)