ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စုရှိ အောက်ထုံးကျေးရွာ၊ မရမ်းစုကျေးရွာ၊ စစ်ကုန်းကျေးရွာနှင့် ဗာမဏီကျေးရွာတို့၌ (၁၃-၈-၂၀၂၀) ရက်နေ့တွင် ရာဇူတိုင်မြစ်ရေတိုးမြင့်လာမှုကြောင့် မြစ်ကမ်းပါးပြိုကျသည့်အန္တရာယ်နှင့်နီးကပ်သည့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စုမှ လူဦးရေ (၁၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၁၂၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၅၀၀၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၈၁၂၉၀၀) ကျပ်တိတိအား (၁၅-၈-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ အောက်ထုံးကျေးရွာသို့ သွားရောက်သည့်ခရီးစဉ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_aug2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events