မြေပြိုမှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအတွင်းရှိ ခကျန်ကျေးရွာ၌ (၈-၈-၂၀၂၀)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ပျက်စီးလူနေအိမ်(၂)လုံး၊ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ(၃)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၆၃၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၄၀၀၀၀ဝိ/-)၊ နှင့် ဒဏ်ရာရရှိသူ(၂)ဦးတို့အတွက် (၁၀၀၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂) အိမ်ထောင်စာတို့အား (၁၅-၈-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_lsd
#kcn_aug2020
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events