လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ယောက်ချောင်း ကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ် (၁) လုံး နှင့်အမိုးလန်နေအိမ် (၄) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀,၀၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁)စုရှိ ဘေးသင့်လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၆,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာတို့ အား (၁၅-၈-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂)၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_aug2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)