ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်၊   အထက်ပေးကုန်ကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာ၌ (၁၄-၈-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းခဲ့ရ‌သော နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၇၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ  (၇၇,၇၀၀)ကျပ် နှင့် စုစုပေါင်းထောက်ပံ့ငွေ (၇၇၇,၇၀၀) ကျပ်အား (၁၅-၈-၂၀၂၀)ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ အထက်ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_rbe

#ayy_aug2020

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events