လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့၊ (၂၁:၃၀ )နာရီအချိန်ခန့်နှင့် (၁၅-၈-၂၀၂၀)ရက်နေ့၊ (၀၅:၀၀)နာရီအချိန်ခန့်၌ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဥတံတ္တားကျေးရွာတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြီး အမိုးလန်ခဲ့သည့် လူနေအိမ်(၁၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၆၉,၀၀ဝ/-)ကျပ် နှင့်လူဦးရေ (၆၃)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၃၂,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၀၁,၃၀ဝ/-)ကျပ် တို့အား (၁၅-၈-၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီ အချိန်ခန့်တွင် ဥတံတ္တားကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_aug2020
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)