လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ် နှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု(၁၇၇)စု၊ လူဦးရေ(၇၈၃)ဦးအတွက် Paris ဆပ်ပြာ (၇၈၃)ခဲနှင့် ထုံးအိတ်(၁၀)အိတ်၊ မိုင်းခေါင် နှစ်ခြင်းIDPs စခန်းမှ အိမ်ထောင်စု(၃၆၅)စု၊ လူဦးရေ(၁၅၈၆)ဦးအတွက် Paris ဆပ်ပြာ (၁၅၈၆)ခဲနှင့် ထုံးအိတ်(၁၀)အိတ်၊ မိုင်းခေါင် RC စခန်းမှ အိမ်ထောင်စု (၁၅၄)စု၊ လူဉီးရေ (၇၁၇)ဦးတို့အတွက် ဆပ်ပြာ(၇၁၇)ခဲနှင့် ထုံး(၁၀)အိတ်တို့အား (၁၅-၈-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)