လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ လေးကျွန်းဆီမီးကျေးရွာ၊ ဘယ်လက်ကျေးရွာ၊ ပုရပိုဒ်တန်းကျေးရွာ၊ ပုတ္တန်း ကျေးရွာ၊ နတ်မှော်ကျေးရွာနှင့် ဆင်မကြပ်ကျေးရွာတို့တွင် (Covid-19) အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေ ဘေးနှင့် စပ်လျဉ်း၍ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာ ပေးခြင်းများပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_aug2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)