(၁၂-၈-၂၀၂၀)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မဇောကျေးရွာအုပ်စု၊ လက်မဲ ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀,၀၀၀) ကျပ်၊ လူဦးရေ(၈)ဦးအတွက်ဆန်ဖိုး (၁၆,၈၀၀)ကျပ်၊ ရှမ်းထိန်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်း ဖိုး(၅၀,၀၀၀)ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ဖိုး (၇)ရက်စာ (၈,၄၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၆၅,၂၀၀) ကျပ်တို့ကို (၁၃-၈-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#tny_aug2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

