လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာ၊ မသိမ်ကျေးရွာ၊ပိုးစာတောကျေးရွာ၊ ဂွေးပင်ရိုးကျေးရွာ၊ တောင်ညိုကျေးရွာ၊မရမ်းခုံကျေးရွာ၊ မင်းကုန်းကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များ နှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးအပ်၍ ထိရောက်စွာအသိပညာ ပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_aug2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)