ဇလွန်မြို့နယ်၊ ရေတွင်းကုန်းအုပ်စု၊ ဒရပ်ကုန်းကျေးရွာ၊သက္ကယ်ကျွန်းအုပ်စု၊ ရွှေဘိုကျေးရွာ လေဘေး ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ရေတွင်းကုန်းအုပ်စု၊ ဒရပ်ကုန်းကျေးရွာ၊ သက္ကယ်ကျွန်းအုပ်စု၊ ရွှေဘိုကျေးရွာတို့၌ (၁၀-၈-၂၀၂၀) မှ (၁၁-၈-၂၀၂၀) ရက်နေ့အထိ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျပျက်စီး အိမ်ထောင်စု (ဝါး-၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၈,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာတို့အား (၁၂-၈-၂၀၂၀) ရက်နေ့ (၁၃:၂၅) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_aug2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events