နေရပ်ပြန်ပြည်သူများအား စောင့်ကြည့်ရေးစခန်းသို့ နေရာချထားပေးမှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာပြီး ရှမ်းပြည်နယ်သို့ ပြန်မည့် နေရပ်ပြန်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရစီစဉ်မှုဖြင့် လွိုင်လင်မြို့သို့ ရောက်ရှိလာသော ပြည်တော်ပြန် ကျား( ၃၁)၊ မ(၂၄) ပေါင်း( ၅၅)ဦးအား နည်းပညာတက္ကသိုလ်(ပင်လုံ) စောင့်ကြည့်ရေး စခန်း သို့ နေရာချထားပေးခြင်း၊ စနစ်တစ်ကျနေထိုင်ရန် ညွှန်ကြားခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အခြားဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_aug2020

Sign Up

Upcoming Events