လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာအုပ်စု၊ မဲခရဲကျေးရွာတွင် (၄-၈-၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျကာ ပြုတ်ကျနေသည့် မီးကြိုးအား တက်နင်းမိပြီး သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ဒဏ်ရာရ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်တို့အား (၁၁-၈-၂၀၂၀)ရက်နေ့ (၁၁:၃၀)နာရီအချိန်၌ ကျန်ရစ်သူမိသား စုထံသို့လည်းကောင်း၊ မရမ်းကွင်းကျေးရွာအုပ်စု၊ ဆားဖိုစုကျေးရွာ၌(၈-၈-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀ဝ/-)ကျပ်တို့အား (၁၁-၈-၂၀၂၀)ရက်နေ့ (၁၂:၃၀) နာရီအချိန်၌ လည်းကောင်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

#ha_sgw
#ayy_aug2020

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events