လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မျက်တိုကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ငှက်ကြီးသိုက်ကျေးရွာ၊ လှေဆွဲရိုးကျေးရွာ၊ တောင်ယာတန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ ရပ်ကွက်နေ ပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#ayy_aug2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)