ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်မြို့နယ်၌ (၁/၄/၆-၈-၂၀၂၀) ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော နဝင်းရပ်ကွက်ရှိ ပြောင်းရွှေ့ အိမ်ထောင်စု (၅၄၀) စုမှ လူဦးရေ (၂၁၃၀) ဦးနှင့် ပြည်သာယာရပ်ကွက်ရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂၃) စုမှ လူဦးရေ (၁၀၈) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၅၆၃) စုမှ လူဦးရေ (၂၂၃၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၆၉၉,၈၀၀/-) ကျပ်၊ Surgical Mask (၄၄၇၆) ခုနှင့် ဆပ်ပြာ (၅၆၃) တောင့်တို့အား (၁၀-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#bgo_aug2020

Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events